EMMC ဆိုတာဘာလဲ
=============
မိုဘိုင်းလောကမှာ အခုနောက်ပိုင်း EMMC ဆိုတဲ့ဝေါဟာရကို တွင်တွင်ကြီးသုံးလာကြတယ်။ မိုဘိုင်း users တွေကလည်း ကျွန်တော့်ကို လာမေးကြပါတယ်။ EMMC ဆိုတာဘာကြီးလဲ တဲ့။ ဒီတော့ မသိသေးတဲ့ Users တွေအတွက်ရည်ရွယ်ပြီး EMMC အကြောင်းကိုရှင်းပြပေးချင်ပါတယ်။ EMMC ဆိုတာ Smart Phones တွေ ၊ Tablet တွေ မှာပါဝင်တဲ့
Electronic Chip တစ်ခုပါ။ မိုဘိုင်း Device တွေမှာပဲပါဝင်တာလားဆိုရင်တော့မဟုတ်ပါဘူး ။ GPS Devices တွေ ၊ Digital Camera တွေ၊ e-Readers တွေ နဲ့အခြား မိုဘိုင်း Devices မှာထည့်သွင်းအသုံးပြုထားတဲ့ chip တစ်ခုဖြစ်ပါတယ်။
EMMC ဆိုတဲ့ဝေါဟာရရဲ့ အရှည်ကောက်ကတော့ embedded Multi-Media Controller လို့အမည်ရပါတယ်။ embedded Multi-Media Controller ဆိုတဲ့ဝေါဟာရကို အတိုခေါ်လိုက်တော့ EMMC ဖြစ်သွားတယ်ပေါ့နော်။
EMMC Chip တွေဟာ Device တစ်ခုရဲ့Boot နဲ့ embedded/external Storage အပိုင်းတွေအတွက် အဓိကလုပ်ဆောင်ပေးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။
EMMC Chip ထဲမှာ (multimedia card) interface ၊ flash memory နဲ့ flash memory controller ဆိုပြီး သုံးပိုင်းပါဝင်ပါသေးတယ်။ EMMC Chip တွေဟာ Densities range အားဖြင့် 4 GB ကနေ 128 GB အထိအမျိုးမျိုးရှိပါတယ်။ Voltage Level အားဖြင့် 1.8 V နဲ့ 3.3 V အတွင်းမှာ EMMC Chip တွေဟာလုပ်ဆောင်နိင်တယ်လို့အကြမ်းဖျဉ်းမှတ်သားနိုင်ပါတယ်။
EMMC Chip အသုံးပြု မိုဘိုင်းdevices အရေအတွက်ဟာ လက်ရှိအချိန်အထိ အလုံးရေသန်းပေါင်း ၂၉၀ ကျော်ရှိနေပြီလို့သိရပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ်မှာ ဒီထက်ပိုမိုများပြားလာမှာဖြစ်ပြီး Android ,iPhone နဲ့ Windows Phone တွေမှာ ပိုမိုအသုံးပြုလာကြလိမ့်မယ်လို့
ထင်ရပါတယ် ။ ဒီလောက်ဆိုရင် EMMC ဆိုတာဘာလဲ ၊ EMMC ရဲ့အကြောင်းကို သိရှိကြမယ်လို့ ထင်ပါတယ်။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်
။
Ref & Credit: Myanmar Mobile App Store
Thursday, December 31, 2015
EMMC ဆိုတာဘာလဲ?????
latest MediaTek SP Flash Tool v5.1548
mtk cpu သုံး ဖုန်းတွေကို
readback က နေ backup ဆွဲလို့ ရတဲ့ tool
mtk firmware တွေကို တင်လို့  ရတဲ့ tool
အသစ်ထွက်
လတ်လတ်ဆတ်ဆတ်
latest MediaTek SP Flash Tool v5.1548
SP_Flash_Tool_exe_Windows_v5.1548.00.000.zip, Size 51.58 MB...
File Size - 51.58 MB...
DOWNLOAD HERE
Creadit - Su Su Tun (facebook )
IMEI Repair with Chamelephon.apk
firmware flash လိုက်လို့ IMEI null သွားတဲ့ MTK Devices အလုံးတွေကို ပြန်ပြီး repair ခေါ်တဲ့ .apk လေးပါ ဖုန်းမှာ root access ရှိထားရပါမယ် အရင်ဆုံး root access တောင်းရင် Allow ကို နှိပ်ပေးလိုက်ပါ ပြီးရင် Generate Random IMEIs နှိပ်ပေးပါ ပြီးရင် Menu Key နှိပ်ပြီး Change ကို နှိပ်ပေးပါ အားလုံးပြီးသွားရင် ဖုန်းကို Powerပိတ်ပြီး Battery ဖြုတ် Sim Card အသစ်တစ်ခု ခဏထည့်ပြီး power ပြန်ဖွင့်ပေးပါ *#06# နှိပ်ပြီး IMEI ပြန်စစ်ကြည့်ပါ အဆင်ပြေသွားရင် Power ပြန်ပိတ်ပြီး သူ့ရဲ့ မူရင်း Sim Card ကို ပြန်သုံးလို့ရပါပြီ..... Oppo R813 နဲ့ Huawei G730-U00 ကိုတော့စမ်းကြည့်ပီးပါပြီ ကျန်တဲ့ MTK Devices တွေလည်း အဆင်ပြေမယ်လို့ထင်ပါတယ်.........
Chamelephon.apk ကိုဒေါင်းရန်
DOWNLOAD HERE