Thursday, December 31, 2015

EMMC ဆိုတာဘာလဲ?????

EMMC ဆိုတာဘာလဲ
=============

မိုဘိုင်းလောကမှာ အခုနောက်ပိုင်း EMMC ဆိုတဲ့ဝေါဟာရကို တွင်တွင်ကြီးသုံးလာကြတယ်။ မိုဘိုင်း users တွေကလည်း ကျွန်တော့်ကို လာမေးကြပါတယ်။ EMMC ဆိုတာဘာကြီးလဲ တဲ့။ ဒီတော့ မသိသေးတဲ့ Users တွေအတွက်ရည်ရွယ်ပြီး EMMC အကြောင်းကိုရှင်းပြပေးချင်ပါတယ်။ EMMC ဆိုတာ Smart Phones တွေ ၊ Tablet တွေ မှာပါဝင်တဲ့
Electronic Chip တစ်ခုပါ။ မိုဘိုင်း Device တွေမှာပဲပါဝင်တာလားဆိုရင်တော့မဟုတ်ပါဘူး ။ GPS Devices တွေ ၊ Digital Camera တွေ၊ e-Readers တွေ နဲ့အခြား မိုဘိုင်း Devices မှာထည့်သွင်းအသုံးပြုထားတဲ့ chip တစ်ခုဖြစ်ပါတယ်။
EMMC ဆိုတဲ့ဝေါဟာရရဲ့ အရှည်ကောက်ကတော့ embedded Multi-Media Controller လို့အမည်ရပါတယ်။ embedded Multi-Media Controller ဆိုတဲ့ဝေါဟာရကို အတိုခေါ်လိုက်တော့ EMMC ဖြစ်သွားတယ်ပေါ့နော်။
EMMC Chip တွေဟာ Device တစ်ခုရဲ့Boot နဲ့ embedded/external Storage အပိုင်းတွေအတွက် အဓိကလုပ်ဆောင်ပေးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။
EMMC Chip ထဲမှာ (multimedia card) interface ၊ flash memory နဲ့ flash memory controller ဆိုပြီး သုံးပိုင်းပါဝင်ပါသေးတယ်။ EMMC Chip တွေဟာ Densities range အားဖြင့် 4 GB ကနေ 128 GB အထိအမျိုးမျိုးရှိပါတယ်။ Voltage Level အားဖြင့် 1.8 V နဲ့ 3.3 V အတွင်းမှာ EMMC Chip တွေဟာလုပ်ဆောင်နိင်တယ်လို့အကြမ်းဖျဉ်းမှတ်သားနိုင်ပါတယ်။
EMMC Chip အသုံးပြု မိုဘိုင်းdevices အရေအတွက်ဟာ လက်ရှိအချိန်အထိ အလုံးရေသန်းပေါင်း ၂၉၀ ကျော်ရှိနေပြီလို့သိရပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ်မှာ ဒီထက်ပိုမိုများပြားလာမှာဖြစ်ပြီး Android ,iPhone နဲ့ Windows Phone တွေမှာ ပိုမိုအသုံးပြုလာကြလိမ့်မယ်လို့
ထင်ရပါတယ် ။ ဒီလောက်ဆိုရင် EMMC ဆိုတာဘာလဲ ၊ EMMC ရဲ့အကြောင်းကို သိရှိကြမယ်လို့ ထင်ပါတယ်။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်






Ref & Credit: Myanmar Mobile App Store


latest MediaTek SP Flash Tool v5.1548

mtk cpu သုံး ဖုန်းတွေကို
readback က နေ backup ဆွဲလို့ ရတဲ့ tool
mtk firmware တွေကို တင်လို့  ရတဲ့ tool
အသစ်ထွက်
လတ်လတ်ဆတ်ဆတ် 
latest MediaTek SP Flash Tool v5.1548
SP_Flash_Tool_exe_Windows_v5.1548.00.000.zip, Size 51.58 MB...



File Size - 51.58 MB...

 DOWNLOAD HERE 



Creadit -  Su Su Tun (facebook ) 


IMEI Repair with Chamelephon.apk

firmware flash လိုက်​လို့ IMEI null သွားတဲ့ MTK Devices အလုံး​တွေကို ပြန်​ပြီး repair ​ခေါ်တဲ့ .apk ​လေးပါ ဖုန်းမှာ root access ရှိထားရပါမယ်​    အရင်​ဆုံး root access ​တောင်းရင်​ Allow ကို နှိပ်​​ပေးလိုက်​ပါ ပြီးရင် Generate Random IMEIs  နှိပ်​​ပေးပါ ပြီးရင်​ Menu Key နှိပ်​ပြီး Change ကို နှိပ်​​ပေးပါ  အားလုံးပြီးသွားရင်​ ဖုန်းကို Powerပိတ်​ပြီး Battery ဖြုတ်​ Sim Card အသစ်​တစ်​ခု ခဏထည့်​ပြီး power ပြန်​ဖွင့်​​ပေးပါ *#06# နှိပ်​ပြီး IMEI ပြန်​စစ်​ကြည့်​ပါ အဆင်​​ပြေသွားရင်​ Power ပြန်​ပိတ်​ပြီး သူ့ရဲ့ မူရင်း Sim Card ကို ပြန်​သုံးလို့ရပါပြီ..... Oppo R813 နဲ့  Huawei G730-U00 ကို​တော့စမ်းကြည့်​ပီးပါပြီ  ကျန်​တဲ့ MTK Devices တွေလည်း အဆင်​​ပြေမယ်​လို့ထင်​ပါတယ်​.........



Chamelephon.apk ကို​ဒေါင်းရန်

DOWNLOAD HERE